Thursday, June 17, 2010

ကြားဖူးနားဝ-၂

ုကားဖူးနားဝ - 1မှာ ကွန်မန့် ပေုးကတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူး အရမ်းတင်ပါတယ်၊ စာတစ်ခါမှ မရေးဖူးတော့အဲဒီလို ကွန်မန့်တွေတစ်ခါမှ မဖတ်ရဘူး၊ ကိုယ်ကပဲ ပေးခဲ့ဖူးတယ်၊ ၀မ်းသာရတယ်ဗျာ၊ တကယ်ပါ။
ဒီတစ်ခါ ကျောင်းတုန်းကုကားဖူး၊ ခဲ့တာလေး တစ်ခုကို ရေးချင်ပါတယ်။ ကျောင်းသားဘ၀က အပျော်ဆော့ခဲ့တာလေးပါ။
သိပြီးသား သူတွေလဲ ရှိမှာပါ။
“နဖူးစာ“ ရွာလည်တယ် ဆိုတဲ့ စကားလေးကို သူငယ်ချင်းတို့ အားလုံုးကားဖူးမှာပါ။
“ချစ်တိုင်းလည်း ငြားကြတာမဟုတ်ဘူးတဲ့“ ဖူးစာ ပါမှ ငြားတယ်တဲ့။
“ဖူးစာရေးနတ်က ဖန်ဆင်းတယ်“ အများကြီးပါပဲဗျာနော်။
ဖူးစာနဲ့ ပတ်သက်ပြီး ပြောကြတာတွေကလေ။
ြုကားဖူးတာပါ။ ဟိုရှေးခေတ်အခါကတော့ ကိုယ်နဲ့ လက်ဆက်ရမဲ့ ဖူးစာရှင်ရဲ့ နာမည်ဟာ နဖူးမှာ ပါတယ်ဆိုလားပဲ။ အဲဒါကြောင့်မို့ နဖူးစာလို့ ခုခေတ်အခါမှာခေါ်တာတဲ့ဗျာ။
ကျွန်တော်တို့ ကျောင်းတက်တုန်းက အရူးထခဲု့ကတာပေါ့။ ဘယ်သူက စလို့ စမှန်းမသိဘူး
တစ်ခန်းလုံး အဲဒီနည်းလေးကို သုံုးကတယ်။ ပျော်တော့ ပျော်စရာလေးပါ။
ကိုယ့်နဖူးမှာ ဘာစာလုံးလေး ပါလဲုကည့်ုကတာပေါ့။
(က) လား၊ (ခ)လား၊ (ထ) လား
နာမည်ရဲ့ အစ စာလုံးလေးတွေ ရှိတယ်လို့ပြောတယ်ဗျ။
ကျွန်တော့်ကိုကည့်တော့ (ထ)တဲ့ ၊ အဲဒီလိုပြောတော့ ကျွန်တော်ရဲ့ ဖူးစာရှင်က (ထ)နဲ့စတဲ့ “ထား”ပေါ့ဆိုပြီး သီချင်းလေး ဆိုခဲ့သေးတယ်။ အဲဒီတုန်းက ကျွန်တော်ုကိုက်နေတဲ့ ကောင်မလေးနာမည်မှာ (ထ)ပါဘူးဗျာ။
ုကည့်ပုံကည့်နည်းက ဒီလိုပါ။
ုကည့်ပေးမှာက တစ်ယောက်ကုကည့်ပေးရတာပေါ့။
အုကည့်ခံရမဲ့သူက မျက်စိမှိတ်ထားပြီး ဘုရားစာဆိုနေရတယ်။
ြုကည့်ပေးမဲ့သူက ဘယ်ဘက် လက်နဲ့ အုကည့်ခံရမဲ့သူရဲ့ ညာဘက်လက်ကို ဆုပ်ကိုင်ပြီး မျက်ခုံးနှစ်ဖက်အလယ် တည့်တည့် အထက်နားလေးမှာဘုရားစာရွတ်ပြီးကြည့်ရတယ်။
စိုက်ုကည့်ရင်တော့ သွေးကြောလေးတွေ ထလာပြီး စာလုံးပုံလေးတွေ ပေါ်လာတယ်။
ကိုယ့်ဖူးစာရှင်ရဲ့ နာမည်စာလုံးလေးက ဘယ်လိုဖြစ်မလဲဆိုတာ စမ်းသပ်ုကည့်ုကပါဗျာ။
ျမှန်မမှန် မသိပေမဲ့ ကျောင်းတုန်းက တော့ အဲဒီနည်းလေးနဲ့ ပျော်ခဲ့ကြဖူးတယ်.

Tuesday, April 27, 2010

ကြားဖူးနားဝ -၁


ကြားဖူးနားလေးတစ်ခုလောက်လောက် ပြောရဦးမယ်ဗျာ၊
အလုပ်မှာ ပြောတာုကားတာပါ။ ဟုတ်တယ်မဟုတ်တယ်ကတော့ မသိဘူးဗျာ၊ုကားဖူးနားဝလေးတစ်ခုက လက်ဆင့်ကမ်းတဲ့သဘောပါ။
အိမ်ထောင်ရှင် အစ်ကို၊ အစ်မ တို့ရေ သားသမီး ယူရင်
ယောကျာင်္းလေးလိုချင်လား၊ မိန်းခလေး လိုချင်လာုးကိုက်နှစ်သက်ရာ ရွေးချယ်လို့ရတဲ့ နည်းလမ်းလေးပါ။ ကျွန်တော်တို့ သတိမထားမိတဲ့ အချက်လေး တစ်ချက်ရှိတယ်ဗျ။ စုကားတုန်းက ကျွန်တော်တောင် ယောင်လည်လည်နဲ့ ဟုတ်မှ ဟုတ်ရဲ့လားဆိုတာ စဉ်းစားရသေးတယ်၊ စမ်းသပ်ုကည့်တော့ တကယ်ဗျ။ လူတွေက အသက်ရှူရင် နားခေါင်းပေါက် နှစ်ဖက်ရှိပေမဲ့ တစ်ဖက်တည်းနဲ့ ပဲ အသက်ရှူကြတယ်ဗျ။ အသက်ရှူမှုဟာ နှစ်ခေါင်းပေါက် တစ်ဖက်ကို နာရီဝက် တစ်ခါ ပြောင်းပြီး အသက်ရှူကြသွင်းကြပါတယ်၊ ဟုတ်မဟုတ် စမ်ုးကည့်နော်။ ရှူသွင်းတဲ့အခါမှာ မသိသာပေမဲ့၊ လေကို ပြန်ထုတ်တဲ့အခါမှာ တော်တော်လေးကို သိသာပါတယ်။
အဲဒီ အသက်ရှူသွင်း ချိန်ကို မူတည်ပြီးတော့ ကလေး ယူပုံယူနည်းလေး ဖြစ်ပါတယ်။
အမျိုးသားရော အမျိုးသမီးပါ အသက်ရှူသွင်းတဲ့အချိန်ဟာ ညာဖက်မှာဖြစ်နေတဲ့အချိန်မှာ ဆက်ဆံမှုပြုလျှင် သားယောင်္ကျားလေး ရရှိနိုင်ပြီး၊ ဘယ်ဘက်မှာ ရှူသွင်းတဲ့အချိန်မှာ ဆက်ဆံမှုပြုလျှင်တော့ သမီးမိန်းခလေး ရရှိနိုင်ပါတယ်တဲ့ ခင်ဗျာ၊
စမ်းသပ်ကြည့်ရှုကြပါလို့ တိုက်တွန်းပါရစေ။

Saturday, February 6, 2010

အတိမ်အနက်

သား . . . . မင်းကို မရခင်ကတည်းက
အမေ `မင်း` ကို လိုချင်ခဲ့တာ ။
သား . . . . မင်း ကို မမွေးခင် ၀မ်းထဲမှာကတည်းက
အမေ `မင်း` ကို အချစ်ပိုခဲ့ရတာ။
သား. . . . . မင်းကို မမွေးခင်း တစ်နာရီ အလိုကတည်းက မင်းအတွက်
အမေ အသက်စွန့် ရမယ်ဆိုတာတောင်
အမေ အဆင်သင့် ဖြစ်နေခဲ့တာပါ။
အဲဒါ၊
အမေ့ ချစ်ခြင်း မေတာရဲ့
အတိမ်အနက်ပဲ ``သား ``
(မှတ်ချက်- ကိုနိုင့်ရဲ ကဗျာပါ)
မျှော်လင့်ခြင်းတွေလဲ ဆိတ်သုန်းခဲ့တာုကာပြီ . . . . .
ယုံကည်ခြင်းတွေလဲ ပျက်သုန်းခဲ့ပါပြီ ။ ။ ။ ။
ဆုံဆည်းခွင့် မရှိတော့တဲ့ နေ့ ရက်တွေကို လည်း
စောင့်စားပြီး မနေချင်တော့ပါဘူး။
ပျော်သလိုပါ နေပါတော့ . . . . ။
မနက်ဖြန်တိုင်းကို ငါမေ့မြောနေချင်တယ်။
အမှောင် ထဲမှာပဲ
ငါ ပျောက်ကွယ်
နေပါစေတော့ ။ ။ ။ ။

Tuesday, February 2, 2010

မိုးသက်လေနှင်


မိုးသက်လေနှင်
ဒီသီချင်းကို နားထောင်မိတော့ဗျာ
ဘာကိုလွမ်းလို့ လွမ်းရမယ်မှန်း မသိတော့ပါဘူး။
ခိုဝင်ပြီး ပုန်းစရာ နေရာ ရှာမတွေ့ သလိုပဲဗျာ။

လွမ်းမိတဲ့ ကျောင်းတော် ( မကပ တွဲဘက် အလက)

ခွဲထွက်ခဲ့ရတာကတော်ုကာခဲ့ပါပြီ . . . . .။
ဒါပေမဲ့ ခုထက်ထိ လွမ်းနေတုန်းပဲ ။
သင်ခဲ့ရတဲ့ အခန်းဆောင်တွေက
မတောက်ပြောင်ခဲ့ပေမဲ့ ကျေနပ်ခဲ့ပါတယ်။
မြို့ကျောင်းက ကျောင်းသားတွေလို
အဖြူနဲ့ အစိမ်း ဆင်တူ မ၀တ် ခဲ့ရပေမဲ့
ကျွန်တော်တို့ တွေရဲ့ ခင်မင်မှု၊ ရိုင်းပင်းမှု ၊ ချစ်ခင် စည်းလုံးမှု တွေကတော့
ကျွန်တော်တို့တတွေ တပြေးညီဖြစ်ခဲ့ကြတယ်။
တမာပင်ုကီးရဲ့  အရိပ်အောက်မှာ
ဆရာစာမေးခဲ့တုန်းက မဖြေနိုင်ခဲ့လို့ ထိုင်ထ လုပ်ခဲ့ရတာကိုလည်း လွမ်းတယ်။
သီးပင်ုကီးရဲ့  အောက်မှာ ထမင်းစားခဲု့ကတာကိုလည်း လွမ်းတယ် . . . . ။
မိုးရွာတဲ့ နေ့ဆိုရင် ( စက်ဘီး စီးလို့ မရတဲ့အတွက်) ခြေလျင်လျောက် ခဲ့တဲ့ နေ့တွေကို လည်း လွမ်းတယ် . . . . ။
လွမ်းမိတာတွေကတော့ များသား။
အလွမ်းဆုံးကတော့
မိုးရွာတဲ့နေ့ သီးသီး တွေေုကွတာ ကို လုကောက်ရတာကို အလွမ်းဆုံးပါပဲ။